မုံရွာမြို့နယ်တွင် အပိုင်းပိုင်းခုတ်ထစ်ထားသော အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

0
124

မုံရွာမြို့နယ်တွင် အပိုင်းပိုင်းခုတ်ထစ်ထားသော အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ်၊တောပုကျေးရွာရှိ ဇရပ်တစ်ခုတွင် မေလ၆ရက်နေ့နံနက်၁၀နာရီခွဲခန့်
က အပိုင်းပိုင်းခုတ်ထစ်ထားပြီး ပီနံအိတ်အတွင်ထည့်ထားသော အမျိုးသားတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“အသတ်ခံရတာဘယ်သူလဲတော့ မသိဘူးခြေတွေ၊လက်တွေ အပိုင်းပိုင်းခုတ်ပြီး ပီနံအိတ်ထဲထည့်ပြီး လာပစ်သွားတာ။ရက်ရက်စက်စက်ကိုသတ်သွားတာ။သွားကြည့်ရင်း ပျို့တောင်တက်လာတယ်။´´ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၆ရက်နေ့နံနက်၁၀နာရီခွဲခန့်က မုံရွာမြို့နယ်၊တောပုကျေးရွာဇရပ်တွင် ပီနံအိတ်အဖြူတစ်ခုအတွင်း ထည့်သွင်းထားသော အမျိုးသားတစ်ဦးရုပ်အလောင်းတစ်ခု စွန့်ပစ်ထားကြောင်း သတင်းရရှိခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ အသက်(၃၀)နှစ်ဝန်းကျင်အရွယ် အကျႌအပြာ၊ဘောင်းဘီ အနက်အဖြူစင်းကြားဝတ်ဆင်ထားသော အမျိုးသားတစ်ဦးအား ခြေထောက်နှစ်ဘက်ဒူးဆစ်မှ ဖြတ်ထားပြီးလက်နှစ်ဘက်ကိုလည် တံတောင်ဆစ်မှဖြတ်ထားကာ ဦးခေါင်းကိုလည်းဖြတ်၍ သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here