ပြစ်ဒဏ်ကျခံခဲ့ရသည့် ထိုင်းရောက်မြန်မာ၁၂၀ကျော် ရနောင်းမှတဆင့်မြန်မာနိုင်ငံသို့ ပို့ဆောင်

0
203

ပြစ်ဒဏ်ကျခံခဲ့ရသည့် ထိုင်းရောက်မြန်မာ၁၂၀ကျော် ရနောင်းမှတဆင့်မြန်မာနိုင်ငံသို့ ပို့ဆောင်

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌ပြောင်းလုပ်သား ၁၂၃ဦးသည် မေလ၆ရက်နေ့က ထိုင်းမှတဆင့်မြန်မာသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ မြန်မာအာဏာပိုင်များကကြိုဆိုလက်ခံခဲ့ကြသည်ဟုသိရသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌ပြောင်း ၁၂၃ဦးတွင်အမျိုးသမီး(၂၇)ဦး ပါဝင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသံအရာရှိရုံး၏ဖော်ပြချက်အရသိရသည်။

၁၂၃ဦးအပြင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေး ၉ဦး ကျား(၇)ဦး၊ မ (၂) ဦးလည်းပါဝင်လာခဲ့သည်ဟုသိရသည်။

၄င်းတို့ကို ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့တို့က ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၈) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်ကို အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊မြန်မာအာဏာပိုင်များကလက်ခံကြိုဆိုပေးကာ ကိုဗစ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအတိုင်းဆောင်ရွက်ပေးခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here