ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ကာလအတွင်း ပို့ကုန်ရငွေဝင်ရောက်ခြင်းမရှိပါက မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းအရေးယူမည်

0
129

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ကာလအတွင်း ပို့ကုန်ရငွေဝင်ရောက်ခြင်းမရှိပါက မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းအရေးယူမည်

ဗဟိုဘဏ်ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များအား လိုက်နာခြင်းမရှိခဲ့သော ပို့ကုန်လုပ် ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်များပိတ်သိမ်းလျက်ရှိသည်ဟု နစက ၏စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ပိတ်သိမ်းလျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ ၃၄၆ ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက် မှတ်များပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများသည် ပို့ကုန်ရငွေများအား ဗဟိုဘဏ်မှထုတ်ပြန်ထားသည့်ကာလအတွင်း ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းအရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့်ဗဟိုဘဏ်အမိန့်ကြော်ငြာစာအမှတ်(၄၆/၂၀၂၁)အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေအား ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ၃ လအတွင်း နိုင်ငံတော်အတွင်းရှိ ၎င်း၏ ဘဏ်ငွေစာ ရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့် သွင်းရမည်ဟု ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here