ဒဂုံတောင်ပိုင်းရှိ ၂၅ ရပ်ကွက်တွင် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

0
159

ဒဂုံတောင်ပိုင်းရှိ ၂၅ ရပ်ကွက်တွင် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်တွင် မေ ၆ ရက်မွန်းလွဲ ၂ နာရီခန့်က အ မျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် တစ်ဦးသေဆုံးခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

၂၅ ရပ်ကွက်နေ အမျိုးသား ၂ ဦးအား အမည်မသိအမျိုးသားများက ရွှေယင်းမာလမ်းပေါ်၌ သေ နတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခံရတဲ့ ၂ ယောက်ထဲက တစ်ယောက်သေသွားတယ် နောက်တစ်ယောက်ကတော့ ဒဏ်ရာတွေရသွားလို့ဆေးရုံကိုခေါ်သွားတာတွေ့တယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုသန့်ဇင်ဦး (ခ)ခေါင်းဖြူသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာလည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ကားဖြင့်ဆေးရုံသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဥ်နေရာမှ ကျည်ခွံအချို့အား လုံခြုံ ရေးအဖွဲ့ဝင်များသိမ်းဆည်းရမိခဲ့ကာ ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here