ဂျပန်နိုင်ငံသို့ မြန်မာလုပ်သားများပိုမိုစေလွှတ်နိုင်ရေး မစ္စတာဝါတာနာဘေးနှင့်မြန်မာအလုပ်သမားဝန်ကြီးတို့ဆွေးနွေး

0
190

ဂျပန်နိုင်ငံသို့ မြန်မာလုပ်သားများပိုမိုစေလွှတ်နိုင်ရေး မစ္စတာဝါတာနာဘေးနှင့်မြန်မာအလုပ်သမားဝန်ကြီးတို့ဆွေးနွေး

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. Watanabe Hideo နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် မေလ ၆ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးကဂျပန် နိုင်ငံသို့ G to G စနစ်ဖြင့် ဂျပန်နိုင်ငံရှိ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ရေးထိုး၍ သင်တန်းသားအလုပ်သမား ပို့ဆောင်လျက်ရှိသည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟုသိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ မြန်မာအလုပ်သင် အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဂျပန်ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

ထို့နောက် Japan Myanmar Association မှ ဂျပန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံမှ သင်တန်းသားအလုပ်သမားများ ပိုမိုခေါ်ယူလိုမှုအခြေအနေ၊ သင်တန်းသားအလုပ်သမား ပိုမိုပို့ဆောင်နိုင်ရန် ဂျပန်-မြန်မာ အသင်းအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေအပါအဝင် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် Japan Myanmar Association (JMA) မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here