လေဖိအားနည်းရပ်ဝန်းမှဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခု၌ မိုးရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

0
134

လေဖိအားနည်းရပ်ဝန်းမှဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခု၌ မိုးရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လေဖိအားနည်းရပ်ဝန်းအခြေအနေအား မေ ၇ ရက်(ယနေ့)နံနက် ၅ နာရီခွဲ၌ တိုင်းထွာရရှိချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုသည် ဆက်လက်တည်ရှိနေကာ အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မေ ၇ ရက်ညနေပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မေ ၈ ရက်ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟု သိရသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မေ ၇ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်တိုင်း၊နေပြည် တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

အလားတူ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ မွန်-တန င်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လှိုင်းကြီးနိုင်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်၊ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှထုတ်ပြန်အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here