သီလဝါတွင် ယာယီရပ်ဆိုင်းထားသော ကုမ္ပဏီ၈၉ ခု မှ ကုမ္ပဏီစုစုပေါင်း၈၂ ခု ပြန်လည်လည်ပါတ်လာဟုဆို

0
169

သီလဝါတွင် ယာယီရပ်ဆိုင်းထားသော ကုမ္ပဏီ၈၉ ခု မှ ကုမ္ပဏီစုစုပေါင်း၈၂ ခု ပြန်လည်လည်ပါတ်လာဟုဆို

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း၈၂ ခုမှ လုပ်ငန်းလည်ပတ်ရပြီး ကျန်ရှိကုမ္ပဏီများ အနေဖြင့်လည်း မကြာမီ ပြန်လည် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နစကပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြရေးသားလာသည်။

နစကဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသီလဝါသို့ မေလ၆ရက်နေ့က လာရောက်မှုသတင်းအား ထုတ်ပြန်ရာတွင်အထက်ပါအတိုင်းဖော်ပြလိုက်ခြင်းဖြစ်သည်ကိုတွေ့ရသည်။

နစကဒုတိယဥက္ကဋ္ဌ က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီး မြန်မာ ကုမ္ပဏီ ၉ ခု မြန်မာအစု ရှယ်ယာရှင် ၁၇၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံ အစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင်ဆောင်ရွက်ရသည့် အထူးစီးပွါးရေးဇုန်ကြီးတစ်ခုဖြစ်သည်ဟု အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားသွားသည်။

ယင်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်သွားရန်လည်းလိုကြောင်းနှင့် နိုင်ငံတော်၏ ပထမဆုံးနှင့် အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေးဇုန်ဖြစ်ရန် ယခုထက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းလည်း ထည့်သွင်းပြောကြားသည်။

နစကပြန်ကြားရေးဝန်ကြီးဌာနက သီလဝါစက်မှုဇုန်သတင်းနှင့်ပတ်သတ်ပြီး အထူးစီးပွားရေးဇုန်အဆင့်လိုက် စီမံကိန်းများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့် ဖော်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here