စစ်တွေမြို့၊ရှုခင်းသာလမ်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

0
122

စစ်တွေမြို့၊ရှုခင်းသာလမ်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ရှုခင်းသာလမ်းတွင် မေ ၇ ရက်(ယနေ့)နံနက်ပိုင်းက ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွေးလှူရှင်များအသင်းမှ သိရသည်။

ရှုခင်းသာလမ်းရှိ အာရီယာဥ်စားသောက်ဆိုင်နှင့်သက်ကြီးနားနေဆောင်ကြား၌ တွေ့ရှိခဲ့ရခြင်းဖြစ်ကာ သေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ရင်ဘတ်၌ထိုးသွင်းဒဏ်ရာများရရှိကာသေဆုံးနေခြင်းဖြစ်၍ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွေးလှူရှင်များအသင်းမှ နာရေးတင်ကားဖြင့် တင်ဆောင်၍ စစ်တွေဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဘယ်မှာနေတယ် ဘယ်သူလဲဆိုတာတော့ကျွန် တော်တို့လည်းမသိဘူး လူသေအလောင်းတွေ့တယ်ကြားလို့ ရင်ခွဲရုံပို့ရအောင် လူမှုကူညီရေးအသင်းကို လာပြီးဝိုင်းကူပေးတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

လူသေအလောင်းတွေ့ရှိသည်အား မေတ္တာရောင် ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွေးလှူရှင်များအသင်းသို့အကြောင်းကြားသဖြင့် တာဝန်ရှိသူများထံဆက်သွယ်ကာ ရင်ခွဲရုံသို့ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here