မတ္တရာမြို့နယ်တွင် တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာအမျိုးသမီး တစ်ဦး မိုင်းစထိမှန်၍ သေဆုံး

0
199

မတ္တရာမြို့နယ်တွင် တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာအမျိုးသမီး တစ်ဦး မိုင်းစထိမှန်၍ သေဆုံး

 

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ လင်းမြွေချောင်း ကျေးရွာအုပ်စု၊လင်းမြွေချောင်း ကျေးရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် ၁၂/ဝတွင် မေလ၆ရက်နေ့ မွန်းလွဲ၄နာရီက ဖြတ်သန်းမောင်းနှင်လာသော တပ်မတော်ယာဉ်တန်းအား အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာအမျိုးသမီး တစ်ဦး မိုင်းစထိမှန်၍ သေဆုံးသွားခဲ့ကြောင်းယလုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“စစ်တပ်က ကားတွေ လာနေတုန်း ဘယ်သူတွေထောင်ထားတဲ့မိုင်းလည်းတော့မသိဘူး ဖောက်ခွဲလိုက်တာ အဲ့ဒီလမ်းဘေးနားက ခြံအလုပ်သမားတစ်ယောက်ဖြစ်တဲ့ သူဇာဝင်းကိုပါ မှန်ပြီးသေသွားတာ´´ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ၊မတ္တရာမြို့နယ်၊ လင်းမြွေချောင်း ကျေးရွာအုပ်စု၊လင်းမြွေချောင်း ကျေးရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် ၁၂/ဝတွင် မေလ၆ရက်နေ့ မွန်းလွဲ၄နာရီက တပ်မတော်ယာဉ်၁၃စီးပါဝင်သော ယာဉ်တန်းအား ဆွဲမိုင်းလေးခုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာအနီးရှိ ရွှေလင်းယုန်ခြံမှ ခြံသန့်ရှင်းရေး လုပ်ကိုင်သူအသက်၄၀အရွယ် မသူဇာဝင်းမှာလက်ဝဲလက်မောင်းအောက်ဒဏ်ရာ၊ လက်ဝဲချိင်းအောက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်းနှင့်ယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များ ထိခိုက်ခြင်းမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here