မဟာအောင်မြေမြို့နယ်၌ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အ လောင်းတွေ့ရှိ

0
162

မဟာအောင်မြေမြို့နယ်၌ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အ လောင်းတွေ့ရှိ

 

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သိပ္ပံလမ်းပေါ်၌ မေ ၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး ၏ရုပ်အလောင်းအား တွေ့ရှိခဲ့ရသည်။

သိပ္ပံလမ်းပေါ်ရှိ လမ်း ၇၀ နှင့် ၇၁ လမ်းကြားတွင် ရပ်ထားသည့် YAMAHA FZ ဆိုင်ကယ်ဘေး၌ ယာလက်ပြင်အောက်ကျည်ထိမှန်ဒဏ်ရာဖြင့်သေ ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရဲတွေလာစစ်ပြီး နာရေးကားနဲ့ဆေးရုံကိုတင်သွားကြတယ် ကျွန်တော်တို့ကအနီးကပ်သွားကြည့်လိူ့မရတော့ ဘယ်သူမှန်းမသိဘူး ရဲတွေကတော့စုံ စမ်းနေကြတာပဲ”ဟုမြို့နယ်နေသူတစ်ဦးကပြော သည်။

သေဆုံးသူဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှတွေ့ရှိရသည့် ပိုက်ဆံအိတ်အတွင်းမှ ဦးထွန်းဝေအမည်ပါ မှတ်ပုံတင်ကဒ်တစ်ခုအား လုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များကရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here