SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး အရိုးပြာ ဂူသွင်းမှု အခမ်းအနား ပြုလုပ်

0
187

SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး အရိုးပြာ ဂူသွင်းမှု အခမ်းအနား ပြုလုပ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး အရိုးပြာ ဂူသွင်းမှု အခမ်းအနားကို သီပေါမြို့ လွယ်မုခ်တောင်စော်ဘွားများတော်ဝင် သင်္ချိုင်း၌ ယနေ့တွင် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးသည် ပြီးခဲ့သော ဧပြီ ၃၀ ရက်က ၎င်းနေထိုင်ရာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကိုးမိုင် နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းကို မေ ၂ ရက် ညနေ ၅ နာရီအချိန်တွင် ရေဝေးသုဿန်တွင် မီးသဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

ဦးခွန်ထွန်းဦးသည် ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်အား အုပ်ချုပ်စိုးစံခဲ့ကြသော စော်ဘွားမျိုးနွယ်များမှ ဆင်းသက်လာသူဖြစ်ခြင်းကြောင့် လွယ်မုခ်တောင်စော်ဘွားများတော်ဝင် သင်္ချိုင်းတွင် အရိုးပြာကိုဂူသွင်းမြှုပ်နှံခြင်းဖြစ်သည်။

ဓာတ်ပုံ – Sai tun aung lwin


LEAVE A REPLY

Please enter your comment!
Please enter your name here