အင်းစိန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ တစ်ဦးဒဏ်ရာရခဲ့

0
51

အင်းစိန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ တစ်ဦးဒဏ်ရာရခဲ့

 

ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊ရွာမအနောက်ရပ် ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးတင်ငြိမ်းနေအိမ် မေ ၆ ရက်ည ၉ နာရီကျော်ခန့်က လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဦးတင်ငြိမ်းသည် ရွာမအနောက်ရပ်ကွက်၏ ရာအိမ်မှူးတစ်ဦးဖြစ်ကာ မင်းစေတီလမ်း၌နေထိုင်သူတစ်ဦးဖြစ်ပြီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရရာ တွင် နေအိမ်အားထိမှန်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“တစ်ယောက်ကတော့ဒဏ်ရာရသွားတယ် တစ်ချို့ပြောနေကြတာကတော့ ဗုံးလာပစ်တဲ့လူဒဏ် ရာရတယ်လည်းပြောတယ် ဗုံးပေါက်ပြီးတဲ့အချိန်မှာ လမ်းတွေပိတ်လိုက်ပြီးအဝင်အထွက်မလုပ်ခိုင်းသလို ဖြစ်တဲ့အိမ်နားကိုလည်းဘယ်သူမှမလာခိုင်းတော့ အတိအကျမသိဘူး”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးတွင် ဦး ခေါင်းဘယ်ဘက်ပေါက်ပြဲ၊ဘယ်လက်မောင်းကျိုး၊ဘယ်ခြေထောက်ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ရာတွင် လက်လုပ်ဗုံးအပိုင်း အစများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ဖြစ်ပြီးသိပ်မကြာဘူး စစ်သားတွေရဲတွေရောက် လာပြီး မင်းစေတီလမ်းကိုပိတ်လိုက်တယ် နောက် ပြီးတစ်ချို့အိမ်တွေကိုလည်း ဝင်စစ်တာတွေလုပ်ခဲ့ကြသေးတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here