ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်

0
199

ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်

ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ၂၀၂၂ မေလ ၅ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ မောင်—–(၂၅နှစ်)အား ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းလင်းထွန်း(ခ) ကောင်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ အောင်ဗလ(ခ) ဗလကြီးတို့က ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း” ကျားဖောင်သို့ ပို့ဆောင်ကာ နှစ်လခန့် လုပ်ကိုင်ခဲ့ပြီး လုပ်အားခ ငွေကျပ် ၇၀၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ယခုကဲ့သို့ အထက်ပါအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအမှုကို ဒလမြို့မရဲစခန်း (ပ)၂၀၈၆/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာမှတဆင့် ၂၀၂၂ မေ ၅ ရက်တွင် အမှုမှတရားခံ ဗလကြီး(ခ) အောင်ဗလနှင့် ဝင်းလင်းထွန်း(ခ) ကောင်းကြီးတို့နှစ်ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here