ချမ်းမြသာစည်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အား လက်လုပ်ဗုံးဖြင့် ပစ်ခံရ

0
181

ချမ်းမြသာစည်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အား လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်၊၁၁၀(မနော်ဟရီ)လမ်း၊၄၈လမ်းနှင့်၄၉လမ်းကြားရှိ ….စားသောက်ဆိုင်တစ်ဆိုင်အား မေလ၇ရက် ည၈ နာရီအချိန်ခန့်က အမည်မသိအမျိုးသားနှစ်ဦး၏ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲသံက အတော်ကျယ်တယ်။ဆိုင်အပြင် မနော်ဟရီလမ်းပေါ်ကနေလှမ်းပစ်တာ၊ဆိုင်ကယ်တွေထားတဲ့နေရာကျပြီးပေါက်ကွဲသွားတာ။ဆိုင်က ဆိုင်ကယ်စတန်းစောင့်ကောင်လေးတော့ ဒဏ်ရာရသွားတယ်။လူသေတာတော့ မရှိဘူး´´ဟု ထွန်တုံးရပ်ကွက်နေ
ပြည်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၇ရက် ည၈ နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်၊၁၁၀(မနော်ဟ ရီ)လမ်း၊၄၈လမ်းနှင့်၄၉လမ်းကြားရှိ ….စားသောက်ဆိုင်တစ်ဆိုင်အား ၁၁၀ လမ်းအတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာသော ဆိုင်ကယ်(စိစစ်ဆဲ)ဖြင့် အမည်မသိအမျိုးသား(၂)ဦးမှဆိုင်ရှေ့အရောက်တွင်လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခဲ့ရာ ဆိုင်ရှေ့ဆိုင်ကယ်များရပ်ထားသောနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်လုပ်မိုင်းပစ်ပေါက်သူများမှာ ၁၁၀လမ်းအတိုင်း အနောက်သို့မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း၊လက်လုပ်မိုင်းကျရောက်ပေါက်ကွဲမှု့ကြောင့် ဆိုင်ကယ်စတန်းစောင့်တာဝန်ကျ ဆိုင်ဝန်ထမ်း နိုင်နိုင်ဦး(၂၀)နှစ် ၏ ဝဲ/ယာဘက်ခြေထောက် ဒူးနှင့်ပေါင်တို့တွင် မိုင်းစထိမှန်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကာ ယာဉ်အမှတ် MDY 74W…..နံပါတ်ပါ ADIXIN -125 နီ/နက် ဆိုင်ကယ်၏ အင်ဂျင်မိုင်းစထိမှန်ပျက်ဆီးခဲ့သဖြင့် ဒဏ်ရာရရှိသူ နိုင်နိုင်ဦးအား ဆိုင်ပိုင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here