ထိုင်းနိုင်ငံ ပရာကျွန်ခီရီကန်ခရိုင်တွင် စစ်ဆေးရေးဂိတ်၌မောင်းနှင်ထွက်ပြေးသည့် ကားသေ နတ်ဖြင့်ပစ်ခတ်ခံရ မြန်မာနိုင်ငံသား ၁ ဦးသေဆုံး

0
265

ထိုင်းနိုင်ငံ ပရာကျွန်ခီရီကန်ခရိုင်တွင် စစ်ဆေးရေးဂိတ်၌မောင်းနှင်ထွက်ပြေးသည့် ကားသေ နတ်ဖြင့်ပစ်ခတ်ခံရ မြန်မာနိုင်ငံသား ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ပရာကျွတ်ခီရီကန်ခရိုင်၌ မေ ၆ ရက်နံနက် ၄ နာရီခန့်က တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ဟိုင်းလပ်ကားသည် ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်၌ စစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် မောင်းနှင်ထွက်ပြေးခဲ့သည်ဟု သိရသည်။

ထိုသို့ မောင်းနှင်ထွက်ပြေး၍ လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်နှင့်အနည်းငယ်ကွာဝေးသည့်နေရာ၌ ဟိုင်းလပ်ကားအားကျည်ထိမှန်ထားလျက် ရပ်တန့်ထားသည်ကိုတွေ့ရှိခဲ့ရပြီး ကားမောင်းသူအားတွေ့ရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ခရိုင်တာဝန်ရှိသူများကစစ်ဆေးရာ ကားပေါ်တွင် တရားမဝင်ဝင်ရောက်လာသည့် အ သက်(၃၅)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသား အမျိုး သားတစ်ဦးမှာ ကျောနှင့်ဦးခေါင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိလျက်သေဆုံးနေကာ မြန် မာနိုင်ငံသား အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်းကျည်ထိမှန်ဒဏ်ရာများရရှိထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

“ဖြစ်စဥ်ကတော့ဟုတ်တယ် အဲဒီကားရပ်သွားတဲ့နေရာနားက တောထဲမှလည်းပုန်းနေတဲ့မြန်မာနိုင် ငံသား ၁၀ ယောက်လောက်ကိုထပ်မိတယ် ကားနဲ့ပါလာတဲ့လူတွေလို့သိထားတယ် လက်ရှိအချိန်အထိကတော့ သေနတ်နဲ့ပစ်တာကဘယ်သူလဲဆိုတာမသိရသေးဘူး စစ်ဆေးရေးဂိတ်ကပစ်တာ ဟုတ်မဟုတ်ဆိုတာလည်းမသိရသေးဘူး”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁ ဦးသေဆုံးမှုနှင့် ၃ ဦးထိမှန်ဒဏ်ရာရရှိမှုမှ သေနတ်ဖြင့်ပစ်ခတ်သူအား ဖော်ထုတ်သိရှိနိုင်ရန် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လမ်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများအား ပြန်လည်ကြည့်ရှု့စစ်ဆေးလျက်ရှိကာ စစ်ဆေးရေးဂိတ်၌တာဝန်ကျနေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူမြန်မာနိုင်ငံသားနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ထိုင်းနိုင်ငံကျန်းမာရေးအဖွဲ့များမှ ပရာကျွတ်ခီရီကန်ခရိုင်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သေနတ်နဲ့ပစ်တာက ကားမှာမှန်ထားတဲ့ကျည်ထိမှန်ချက်တွေကိုကြည့်ရင် တစ်ယောက်ထဲကပစ်တာတော့မဟုတ်လောက်ဘူးလို့ ထိုင်းရဲတွေကပြောတယ် ဟိုင်းလပ်ကားရဲ့နောက်မှန် ရှေ့လေကာမှန်မှာကျည်ထိထားသလို ကားဘေးဘက်မှာလည်းကျည်ထိထားတာတွေအများအပြားတွေ့တယ်လို့ပြောတယ် ဖြစ်စဥ်အမှန်ပေါ်တဲ့အထိကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here