NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်

0
266

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ထဲက (၅)ဖွဲ့သည် နစက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိသည်ဟု ထုတ်ဖော်ပြောကြားချက်များအရသိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) အထူးအစည်းအဝေး (၀၁/၂၀၂၂)ကို မေလ၆ရက်နေ့နှင့်၇ရက်နေ့များက ကျင်းပပြုလုပ်ပြီးနောက်
အဖွဲ့(၅)ဖွဲ့ တက်ရောက်ကြမည့် သဘောထားရရှိခဲ့သည်ဟုသိရသည်။

ကျန်သည့်အဖွဲ့အစည်းများမှာမူ ယင်းအစည်းအဝေးအတွင်း သဘောထားမပေးသေးကြခြင်းနှင့် မဆုံးဖြတ်ခဲ့ကြခြင်းများလည်း ရှိသည်ဟုသိရသည်။

တက်ရောက်မည်ဟု ယင်းအစည်းအဝေးအတွင်း သဘောထားပေးခဲ့ကြသည့်အဖွဲ့များမှာ KNU/KNLA PCဟု ခေါ်သော ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( ငြိမ်းချမ်းရေးကောင်စီ)၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊၊ မွန်ပြည်သစ်ပါတီနှင့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ဖြစ်ကြသည်။

နစကဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အား တက်၊ မတက်ကို မေလ ၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောဆိုထားမှုရှိကာ ဆွေးနွေးပွဲကို နစကဥက္ကဌ ကိုယ်တိုင် တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကာ ဆက်၍ နစကအဖွဲ့ဝင်၃ဦးပါသည့် ကော်မတီအဖွဲ့အပြင် လိုအပ်ပါက ၎င်းကိုယ်တိုင်ထပ်မံတွေ့ဆုံအုံးမည်ဟု ပြောကြားထားသည်။

နစက၏ ကမ်းလှမ်းချက်ကို KIO ၊ KNPP ၊ CNF တို့ကမူ အကြောင်းပြချက်များဖြင့် ထောက်ပြပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ထားမှုအား တက်ရောက်မည်မဟုတ်ဟု ပြောကြားထားသည်ကိုတွေ့ရသည်။

မိုင်းလားအဖွဲ့ကလည်း တက်ရောက်မည်ဟု ပြောကြားထားကာ အခြားအဖွဲ့များကမူ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားမှုများမပြုသေးပေ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here