သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
132

သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ဆေးဖြတ်ကုန်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးမြင့်စိုး(၄၅)နှစ်ခန့်သည် မေ ၇ ရက်ညနေ ၅ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ဦးမြင့်စိုးသည် မိုးရွှေကုန်းကျေးရွာသို့ လျှပ်စစ်မီးဆင်ရန်သွားရောက်စဥ် လမ်း၌အမည်မသိအမျိုး သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မီးဆင်ဖို့သွားတဲ့အချိန်ပစ်ခံရတာ ပစ်ခံရပြီးချင်းမသိဘူး လူတစ်ယောက်သေနတ်နဲ့ပစ်ခံရတယ်သတင်းကြားလို့သွားကြည့်တော့မှ အုပ်ချုပ်ရေးမှူးပစ်ခံရတာကိုသိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးမြင့်စိုးမှာကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်နေရာမှ ကျည်ခွံအချို့အားလုံခြုံ ရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here