ဗို့အားပြည့်ဝစွာဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

0
225

ဗို့အားပြည့်ဝစွာဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ နေပြည်တော်အတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ် ငန်းများအား လှည့်လည်ကြည့်ရှု့စဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊နေပြည်တော်အမှတ်(၁)ပင် မဓာတ်အားခွဲရုံနှင့် Solar Power Plant တည် ဆောက်ရန်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများအား ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

“အန္တရာယ်ကင်းကင်းနဲ့ ဓာတ်အားအဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ဖို့ ဗို့အားပြည့်ပြည့်ဝဝနဲ့ ပြည်သူတွေလျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ဖို့ကို ဆောင်ရွက်သွားရပါမယ်”ဟုပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

အလားတူ ဓာတ်အားပျောက်ဆုံးမှုလျှော့နည်းကျဆင်းရန်၊ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရန်၊ဓာတ်အားခွဲရုံနှင့်ရုံးအ ဆောက်အဦးသန့်ရှင်းသာယာလှပရန်၊လုံခြုံရေး သတိအမြဲရှိစေရန်၊သတ်မှတ်လုပ်သက်ပြည့်ဝန် ထမ်းများအား ရာထူးတိုးမြှင့်ပေးနိုင်ရန်၊ဝန်ထမ်းများသက်သာချောင်ချိရေးနှင့်ဓာတ်အားခွဲရုံအ တွင်း မြေနေရာလွတ်များ၌ စိုက်ပျိူးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။

ထို့ပြင် နေပြည်တော်အမှတ်(၁)ပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုနှင့် Switch Yard အတွင်း ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်းတို့အား ကြည့်ရှု့ခဲ့သည်။

ထို့နောက် Solar Power Plant စီမံကိန်းဖြစ် မြောက်နိုင်စွမ်းရှိသည့် နေရာများအားသွား ရောက်ကြည့်ရှု၍ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မှာကြားခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here