ရန်ကုန်တက္ကသိုလ်က နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ ၄၀ အသစ်ခန့်အပ်

0
148

ရန်ကုန်တက္ကသိုလ်က နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ ၄၀ အသစ်ခန့်အပ်

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ခန့်ထားလျှက်ရှိပြီး အသစ်ခန့်ထားသည့် ဆရာ၊ဆရာမများအား ကြိုဆိုပွဲများပြုလုပ်နေရာ ရန်ကုန်တက္ကသိုလ်ကလည်း အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ များအား မေလ ၆ရက်နေ့က အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်ဟုသိရသည်။

ရန်ကုန်တက္ကသိုလ်ပေါမာက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက အသစ်ခန့်အပ်လိုက်သည့် ဆရာ၊ဆရာမများအနေဖြင့် မိမိစွမ်းရည်ကိုမြှင့်တင်ပြီး ပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြဖို့ တိုက်တွန်းစကားဆိုခဲ့သည်။

ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများနှင့် အသစ်ခန့်အပ် ထားသည့်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ ၄၀ တတ်ရောက်ခဲ့ ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ခုတို့တွင် နည်းပြနှင့် သရုပ်ပြဆရာ ဆရာမတာဝန် ထမ်းဆောင်ကြမည့် ၁၄၇၉ ဦးအား မေလ ၆ရက်နေ့က သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် အခမ်းအနားများဖြင့် ကြိုဆိုခဲ့ကြပြီးဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here