အားကောင်းသော မုန်တိုင်းငယ်ရှိနေသဖြင့် ပြည်တွင်းလေကြောင်းလိုင်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြု ကြရန်လိုကြောင်း မိုး/ဇလ ထုတ်ပြန်

0
80

အားကောင်းသော မုန်တိုင်းငယ်ရှိနေသဖြင့် ပြည်တွင်းလေကြောင်းလိုင်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြု ကြရန်လိုကြောင်း မိုး/ဇလ ထုတ်ပြန်

အားကောင်းသောမုန်တိုင်းငယ်ရှိနေသဖြင့် ပြည်တွင်းလေကြောင်းလိုင်းပျံသန်းမှု ခရီးစဉ်များနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသတိပြုရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက အသိပေးထားသည်။

လက်ရှိအချိန်အထိ အားကောင်းသော မုန်တိုင်းငယ်တစ်ခုမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားသည့် အခြေအနေမရှိသေးသော်လည်း အဝါရောင်အဆင်အဖြင့် သတ်မှတ်ထားပြီး၊ ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်ခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ယင်းတိုင်းထွာချက်မှာ မြန်မာစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၃၀ ၏ တိုင်းထွာချက်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏အနောက်တောင်ဘက် ရေမိုင်(၂၉၀) ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏အနောက်တောင်ဘက်ရေမိုင် (၄၀၀)ခန့်အကွာတွင် ဗဟိုပြုနေကြောင်း သိရသည်။

ထို့ကြောင့် နောက် (၇၂ )နာရီအတွင်း အဆိုပါမုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ နောက် (၂၄) နာရီ အချိန်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်လည်းကောင်း အဆင့်ဆင့်ဖြစ်ပေါ်ကာ နောက်ဆုံးတွင် ဘင်္ဂလားပင်လယ်အောင် အနောက်မြောက်ဘက် ၊ အိန္ဒိယနိုင်ငံ၊သြရိဿကမ်းလွန်သို့ ရောက်ရှိနိုင်ကြောင့် ခန့်မှန်းထားသည်။

ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့်ယနေ့ မေ ၈ရက်မှ စတင်ကာ မေ ၁၂ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တို့တွင် မိုးကြီးနိုင်ပြီး၊ မြန်မာပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီမိုင်(၄၀)အထိတိ်ုက်ခတ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၈)ပေမှ (၁၂ ) အထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here