မွန်ညီညွှတ်ရေးပါတီအနေဖြင့် မည်သည့်စနစ်ဖြင့်မဆို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားဟုဆို

0
199
ပုံစာ မွန်ညီညွှတ်ရေးပါတီ( MUP)၏ ပထမအကြိမ်ပါတီညီလာခံပြုလုပ်နေစဥ်

မွန်ညီညွှတ်ရေးပါတီအနေဖြင့် မည်သည့်စနစ်ဖြင့်မဆို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားဟုဆို

ပုံစာ မွန်ညီညွှတ်ရေးပါတီ( MUP)၏ ပထမအကြိမ်ပါတီညီလာခံပြုလုပ်နေစဥ်

မွန်ညီညွှတ်ရေးပါတီအနေဖြင့် မည်သည့်စနစ်ဖြင့်မဆို နစက ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု မွန်ညီညွှတ်ရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဒုတိယတာဝန်ခံ နိုင်သန်းရွှေက ယနေ့တွင် ပြောသည်။

“ ရွေးကောက်ပွဲအတွက်တော့ ကျွန်တော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။ ရွေးကောက်ပွဲကို PR စနစ်နဲ့လား၊ မဲဆန္ဒနယ်မြေတွေကို ဘယ်လိုခွဲခြား မလဲ ဆိုတာ သေချာမသိသေးတော့ ပါတီအနေနဲ့ အဖက်ဖက်ကတော့ဆွေးနွေးထားတာရှိပါ တယ်။ တနည်းအားဖြင့်ပြောရရင်တော့ ရွေးကောက်ပွဲကတော့ ဝင်မှာပါ။”ဟု ဆိုသည်။

သို့သော် မကြာမီ ရက်ပိုင်းက နစက၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရိုင်အဆင့်များ တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် မွန်ညီညွှတ်ရေးပါတီအနေဖြင့် ရရှိလာမည့် မဲဆန္ဒရှင်ထောက်ခံမှုသည် အနည်းငယ်အခက်အခဲရှိနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

“ ခရိုင်တွေ မတိုးချဲ့ခင်က လက်ရှိအရင်အတိုင်းဆိုရင် ကျွန်တော်တို့ ပါတီအတွက် အလားအလာပိုကောင်းတယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်တဲ့ အခါမှာ မဲဆန္ဒနယ် ခွဲတဲ့အခါမှာ ဘယ်လို ခွဲပေးမလဲပေါ့။ အရင်ကဆိုရင် ကျွန်တော်တို့ မွန်ပြည်နယ်ထဲမှာ ခရိုင်နှစ်ခုဘဲရှိတယ်။ ကျွန်တော်တို့ ပါတီအတွက် အခြေအနေသိပ်မဆိုးဘူးပေါ့နော်။ အခုတော့ ခရိုင်နှစ်ခု ထပ်တိုးလိုက်တယ်ဆိုတော့ ခရိုင်လေးခုဖြစ်သွားတယ်။ ဆိုတော့ တကယ်လို့များ ခရိုင်ကိုအခြေခံပြီတော့ မဲဆန္ဒနယ်ခွဲမယ်ဆိုရင် ကျွန်တော်တို့ အတွက်တော့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ ရလာဒ်နည်းနည်း လျော့သွားမလားပေါ့။” ဟု သူ၏ အမြင်ကို ရှင်းပြသည်။

မွန်ပြည်နယ်အတွင်း ယခင်က မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် နှစ်ခုသာရှိသော်လည်း ယခုအခါ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင် ဟူ၍ ထပ်မံတိုးချဲ့လိုက်သောကြောင့် ခရိုင်လေးခု အထိ ရှိလာပြီဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စုစုပေါင်း ခရိုင် (၇၅)ခရိုင်ရှိရာမှ ဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများအဆင်ပြေစေရန်ဟုဆိုကာ နစက က ခရိုင်(၄၆)ခရိုင်ကို ထမ်မံတိုးချဲ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ခရိုင်ပေါင်း (၂၁၂)ခရိုင် အထိရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here