ကန့်ဘလူမြို့နေ ကျောင်းဆရာတစ်ဦး၏နေအိမ်နှင့်ကိုယ်ပိုင်ကျောင်းချိတ်ပိတ်ခံရ

0
153

ကန့်ဘလူမြို့နေ ကျောင်းဆရာတစ်ဦး၏နေအိမ်နှင့်ကိုယ်ပိုင်ကျောင်းချိတ်ပိတ်ခံရ

စစိကိုင်းတိုင်း၊ကန့်ဘလူမြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးဇေယျာမြင့်အောင်(၄၂)နှစ်ခန့်၏ နေအိမ်နှင့်ကိုယ်ပိုင်ကျောင်းအား နစက ၏လုံခြုံ ရေးအဖွဲ့ဝင်များက မေ ၃ ရက်နံနက်ပိုင်းက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဦးဇေယျာမြင့်အောင်ပိုင်ဆိုင်သည့်နေအိမ်နှင့်မဟာစံတော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းအား ချိတ်ပိတ်ရာတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းလိုက်ပါလာကြောင်း သိရသည်။

“မနက်ပိုင်း ၈ နာရီခွဲလောက်မှာအင်အားအများကြီးနဲ့ရောက်လာပြီးချိတ်ပိတ်သွားတာပဲ အဲဒီအိမ်မှာက ကျောင်းဆရာ မနေတာကြာပြီသူက CDM လုပ်ထားတယ်လို့တော့သိထားတယ် ဘာဖြစ်လို့ချိတ်ပိတ်လဲဆိုတာတော့မသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဦးဇေယျာမြင့်အောင်၏ နေအိမ်အားချိတ်ပိတ်ရာတွင် နေအိမ်အားချိတ်ပိတ်ကြောင်းရေးသားချိတ်ဆွဲထားသည့် ဗီနိုင်းများအားကပ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ချိတ်ဆွဲသွားသည့် ဗီနိုင်း၌ “ဤနေရာနှင့်အဆောက်အဦးသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့်ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် မကျူး ကျော်ရ/ရောင်းဝယ်ခြင်းမပြုရ”ဟုရေးသားထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here