ရှမ်းမြောက် မူဆယ်နှင့်ချင်းရွှေဟော်မြို့တို့တွင် စိတ်ကြွဆေးပြားများဖမ်းမိ

0
101

ရှမ်းမြောက် မူဆယ်နှင့်ချင်းရွှေဟော်မြို့တို့တွင် စိတ်ကြွဆေးပြားများဖမ်းမိ

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့နှင့်ချင်းရွှေဟော်မြို့တို့တွင် မေ ၇ ရက်တစ်ရက်တည်း၌ စိတ် ကြွဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု ရဲ တပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သတင်းအရ နေ့လည် ၁ နာရီခွဲခန့်တွင် မူဆယ်မြို့၊စွမ်စော်ရပ်ကွက်၊ခိုဝိန်းနယ်မြေ၊ရေအားလျှပ်စစ်လမ်း၌ လမ်း လျှောက်လာသည့် မြတ်သူ(ခ)အသေးလေး အားစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အလားတူ ချင်းရွှေဟော်မြို့၊ရပ်ကွက်(၂)နေ ဦးဝင်းလှိုင်(ခ)ဦးသြ(၄၈)နှစ်နေထိုင်သည့်နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့ဝင်များက မေ ၇ ရက်မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲ တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှစိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိခဲ့သူများအား မူဆယ်မြို့မရဲစခန်းနှင့်ချင်းရွှေဟော်နယ်မြေရဲစခန်းတို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥ ပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here