ကလေးမြို့တွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်အား လာရောက်စွန့်ပစ်မှုဖြစ်ပွား

0
53

ကလေးမြို့တွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်အား လာရောက်စွန့်ပစ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊မင်္ဂလာဥယျာဉ်ရပ်ကွက်၊မင်္ဂလာဥယျာဉ်ဘုန်းတော်ကြီးကျောင်းအနီး
ရှိ ရေမြောင်းဘေးတွင် မေလ၈ရက် နံနက်၉နာရီခန့်က
အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်အား လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်သူတွေက သတ်ပြီးတော့ ခေါင်းပြတ်ကြီးကို လာပစ်သွားတာလဲတော့ မသိဘူး။ပလပ်စတစ်ပုံးထဲ ထည့်ပြီးတော့ လာပစ်သွားကြတာ´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၈ရက် နံနက်၉နာရီခန့်ကကလေးမြို့၊မင်္ဂလာဥယျာဉ်ရပ်ကွက်၊မင်္ဂလာဥယျာဉ်ဘုန်းတော်ကြီးကျောင်းအနီးရှိ ရေမြောင်းဘေးတွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်အားတွေ့ရှိရကြောင်း သတင်းရရှိသဖြင့် စစ်ဆေးခဲ့ရာ ဦးခေါင်းဖြတ်ခံရပြီးသေဆုံးသွားသူသည် ကလေးမြို့၊မင်္ဂလာဥယျာဉ်ရပ်ကွက်နေသူတစ်ဦးဖြစ်ပြီး အမည်မှာ သန်းလွင်(ခ)သံချောင်းဖြစ်ကြောင်းနှင့်ယာဉ်မောင်းအလုပ်ကို လုပ်ကိုင်သူတစ်ဦးလည်းဖြစ်ကြောင်း၊အဆိုပါဖြစ်စဉ်နှင်ပတ်သက်၍ လူသတ်တရားခံများအားဖမ်းဆီးရမိနိုင်ရေးကို ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here