Thailand pass ကို ဇွန်လတစ်ရက်နေ့တွင် ဖျက်သိမ်းသွားရန်ရှိ

0
64

Thailand pass ကို ဇွန်လတစ်ရက်နေ့တွင် ဖျက်သိမ်းသွားရန်ရှိ

ထိုင်းနိုင်ငံ၏ ခရီးသွားနှင့် အားကစားဝန်ကြီးဌာန မှ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု TM6 အတွက် Thailand pass မှတ်ပုံတင်ခြင်းကို ဇွန်လ ၁ ရက်နေ့တွင် ဖျက်သိမ်းမည်ဟုဆိုသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးတစ်ဦးဖြစ်သူ Mr.Phiphat Ratchakitprakarn က မေလ ၁ ရက်နေ့မှ စ၍ Test and Go စနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံ၏ခရီးသွားဝင်ရောက်မှုကို မြင့်လာ​စေသည်ဟု​ပြောသည်။

ကျန်းမာရေးဝန်ကြီးတစ်ဦးဖြစ်သူ Mr. Anutin Charnvirakul အနေနှင့်လည်း ယခုအစီအစဉ်ကိုသဘောတူလက်ခံပြီးဖြစ်သည်။

Thailand pass ကိုဖြေလျှော့လိုက်ခြင်းဖြင့် ထိုင်းနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ရုံးများအတွက် လိုအပ်သောစာရွက်စာတမ်းအတည်ပြုလုပ်ငန်းစဉ်‌တာဝန်များကိုလျှော့ချနိုင်ကြောင့် အ​ထောက်အကူဖြစ်သည်ဟုဆိုသည်။

COVID 19 အခြေနေထိန်းချုပ်ရေး ဌာနအနေဖြင့်လည်း ယခုအဆိုတင်သွင်းမှုကို လာမည့်လ အစည်းအဝေးတွင်အတည်ပြုမည်ဖြစ်သည်။

နိုင်ငံခြားခရီးသွားများအနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေး‌ထိုးနှံထားသော အထောက်အထားကို ဆိုက်ရောက်တွင် TM6 လူဝင်မှုကြီးကြပ်ရေးဌာနဖောင်တွင်တစ်ခါတည်းဖြည့်ရမည်ဟု Mr.Phiphat ကထပ်မံပြောကြားခဲ့သည်။

ထိုအချိန်အတွင်း အပြည်ပြည်ဆိုင်ရာခရီးသွားများဆီမှ ထိုင်းဘတ်ငွေ ၃၀၀ ဘတ်ကောက်ခံခြင်းအစီအစဉ်ကို သုံးလအတွင်းစတင်နိုင်ရန် နောင်နှစ်ပတ်အတွင်း အစိုးရအဖွဲ့သို့တင်ပြသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here