AHA Center မှတစ်ဆင့် ပေးပို့ထောက်ပံ့မယ့် တိုင်းပြည်နယ်(၅)ခုမှာ ကယား၊ကရင်၊ မကွေး၊စစ်ကိုင်းနဲ့ ပဲခူး တို့ပါဝင်ကြောင်း ကမ္ဘောဒီးယားထုတ်ပြန်

0
146

AHA Center မှတစ်ဆင့် ပေးပို့ထောက်ပံ့မယ့် တိုင်းပြည်နယ်(၅)ခုမှာ ကယား၊ကရင်၊ မကွေး၊စစ်ကိုင်းနဲ့ ပဲခူး တို့ပါဝင်ကြောင်း ကမ္ဘောဒီးယားထုတ်ပြန်

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေးအတွက် အာဆီယံ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတစ်ခုကို မေလ ၆ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာကျင်းပခဲ့ပြီးနောက် တိုင်း၊ပြည်နယ်(၅)ခုကို ရွေးချယ်သတ်မှတ်လိုက်ကြောင်း အစည်းအဝေးအပြီးထုတ်ပြန်လိုက်တဲ့ ကမ္ဘောဒီးယားရဲ့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေအပါအဝင် အာဆီယံနိုင်ငံတွေက ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတာပါ။

၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့မှာ အာဆီယံက မြန်မာနိုင်ငံသို့လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ခြင်းအတွက် ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ ရလဒ်များကိုထုတ်ပြန်ကြေညာခဲ့တာမှာ အဓိကအချက်သုံးချက်ကိုထည့်သွင်း‌ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားတာတွေ့ရပြီး အဲ့ဒီအချက်တွေကတော့
(၁) အာဆီယံက မြန်မာနိုင်ငံအ‌ပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကိုပို့ဆောင်မယ့် အစီအစဉ်မူကြမ်း။
(၂) ယင်းသို့ပို့ဆောင်တာမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးကြတာ။
(၃) မြန်မာနိုင်ငံသို့ COVID 19 ကာကွယ်ဆေးပေးအပ်ခြင်းအတွက်မူကြမ်းရေးဆွဲခြင်းတို့ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ အာဆီယံမှမြန်မာနိုင်ငံသို့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်နိုင်ဖို့ မူကြမ်းထဲမှာ AHA Center မှတစ်ဆင့် ပေးပို့ထောက်ပံ့မယ့် ပြည်နယ်‌နဲ့ တိုင်းဒေသများကိုသတ်မှတ်ခဲ့တာပါ။ အဲ့ဒီ့ သတ်မှတ်ချက်ထဲမှာ ကယား၊ကရင်၊ မကွေး၊စစ်ကိုင်းနှင့် ပဲခူးတို့ပါဝင်ခဲ့တာဖြစ်ပါတယ်။

တပ်မတော် အနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေများအပါအဝင် မြန်မာလူထုထံသို့ အဆိုပါအကူအညီတွေ အမှန်တကယ်ရောက်ရှိနိုင်ဖို့ရန် အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုညှိုနှိုင်းရေးကော်မတီနဲ့ အ တူလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ လုပ်ဆောင်ရာမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများအကြောင်းဆွေးနွေးတာမှာ တပ်မတော်အနေဖြင့် ယခုထောက်ပံ့မှုအစီအစဉ်ကိုအမြန်ဆုံးရရှိစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမှာဖြစ်ပြီး AHA Center နဲ့ အတူပူးပေါင်းဆောင်ရွက်မယ့် partners များအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကြိုတင်ပေးအပ်ဖို့ အစည်းအဝေးက တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ERAT Team နဲ့ AHA Center မှဝန်ထမ်းတွေ အပါအဝင် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ တို့ရဲ့ အကူအညီတွေနဲ့ ရောက်ရှိဖို့ ခက်ခဲသောဒေသတွေကို အထောက်အပံ့များ ရောက်ရှိရန်အတွက်လည်း ဆွေးနွေးခဲ့ကြပါသေးတယ်လို့ ကမ္ဘောဒီးယားရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

COVID 19 ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် မူဘောင်နဲ့ ပါတ်သတ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ လို အပ်နေသူတွေထံ လုံခြုံပြီး အမြန်ဆုံးရောက်ရှိထိုးနှံနိုင်ဖို့ မူဘောင်သတ်မှတ်ခဲ့ပြီး ထပ်မံ၍ AHA Center နဲ့ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန တို့ပူးပေါင်းကာ ခက်ခဲတဲ့ နေရာတွေအထိ ကာကွယ်ဆေးအပြည့်အဝထိုးနှံနိုင်မယ့် မူဘောင်ကိုဆက်လက်လုပ်ဆောင်မယ်လို့ပါ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here