သီလဝါအထူးစီးပွားရေးဇုန်၏ အဆင့်လိုက်စီမံ ကိန်းများပြီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ သိန်းကျော်ခန့်ဖော်ဆောင်ပေးနိုင်မည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
138

သီလဝါအထူးစီးပွားရေးဇုန်၏ အဆင့်လိုက်စီမံ ကိန်းများပြီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ သိန်းကျော်ခန့်ဖော်ဆောင်ပေးနိုင်မည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများအား နစက ဒု- ဥက္ကဋ္ဌ၊ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ မေ ၆ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာအစိုးရနှင့်ဂျပန်အစိုးရပူးပေါင်း၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင်စတင်ထူထောင်ခဲ့ပြီး ၈ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု(စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံ)ရှိသည်ဟုပြောသည်။

“သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာကုမ္ပဏီ ၉ ခု မြန်မာအစုရှယ်ယာရှင် ၁၇၀၀၀ ကျော်နဲ့ ဂျပန်ကုမ္ပဏီ ၃ ခုတို့ပူးပေါင်းပါဝင်ပြီး မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားကုမ္ပဏီက ၄၁ ရာ ခိုင်နှုန်း ဂျပန်အစိုးရက ၁၀ ရာခိုင်နှုန်း ဂျပန်ကုမ္ပ ဏီက ၃၉ ရာခိုင်နှုန်း အသီးသီးအချိုးကျထည့်ဝင်ဆောင်ရွက်ရတဲ့ အထူးစီးပွားရေးဇုန်ကြီးတစ်ခုဖြစ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌကပြောသည်။

လုပ်နည်းပိုင်းဆိုင်ရာအရနှင့်သီလဝါအထူးစီးပွား ရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေဧက ၅၀၀၀ ကျော်တွင် ခွင့်ပြုရောင်းချပြီး မြေနေရာများအားလုံးအနက် ကျန်ရှိသည့်မြေနေရာများနှင့်လုပ်ငန်းအမြန်အ ကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီမှလိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟုပြောသည်။

“အထူးစီးပွားရေးဇုန်ရဲ့ အဆင့်လိုက်စီမံကိန်းတွေ ပြီးရင် အလုပ်အကိုင်အခွင့်အလမ်းက လက်ရှိ ၁၃၃၀၀ ကျော်ကနေ ၃ သိန်းကျော်ခန့်ကိုဖော်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် စနစ်တကျညှိ နှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဇုန်နေရာအလိုက်သတ်မှတ်ထားသည့် ကုန် ကြမ်းကုန်ချောပစ္စည်းများ မှန်မှန်ကန်ကန် တင်သွင်းခြင်း၊တင်ပို့ခြင်းရှိမရှိအား စစ်ဆေးနိုင်ရန် X- Ray Machine များ တပ်ဆင်စစ်ဆေးကြပ်မတ်ရန် လိုအပ်သည်ဟုပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here