လစ်လပ်ပြန်တမ်းဝင်အရာရှိနေရာ ၁၀၀၀ကျော်အတွက် စာမေးပွဲကျင်းပ

0
244

လစ်လပ်ပြန်တမ်းဝင်အရာရှိနေရာ ၁၀၀၀ကျော်အတွက် စာမေးပွဲကျင်းပ

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ကြော်ငြာစာအမှတ် (၂/၂၀၂၂) | ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၄)ခု ရှိပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး ၁၁၁၆ နေရာအတွက် ရေးဖြေစာမေးပွဲများကို မေ၇ရက် နှင့် မေ ၈ ရက်တို့တွင် တစ်ပြိုင် တည်း ကျင်းပခဲ့သည်ဟုသိရသည်။

အဆိုပါ ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၂၀၇ ဦးရှိကြောင်း ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဖြေစာမေးပွဲများအား နေပြည်တော်၊ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များရှိ စာစစ်ဌာနငါးခု၌ တစ်ပြိုင်တည်းကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် တာဝန်ရှိ သူများနှင့်အတူ မေလ၇ရက်က နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမောင်ကိုသည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် နှင့်အတူ မန္တလေးမြို့ အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာန | သို့လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင် သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း အဆိုပါရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here