မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ကျောင်းသားဟောင်းကိုစိုးသက်ထွဋ်အား ယနေ့စတင်ရုံးထုတ်စစ်ဆေး

0
138

မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ကျောင်းသားဟောင်းကိုစိုးသက်ထွဋ်အား ယနေ့စတင်ရုံးထုတ်စစ်ဆေး

မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုစိုးသက်ထွဋ်အား မေ ၉ ရက်(ယနေ့)တွင် မြိတ်အကျဥ်းထောင်တွင်းတရားရုံး၌ စတင်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုစိုးသက်ထွဋ်သည် ၎င်း၏နေအိမ်၌ ဧပြီ ၂၅ ရက်တွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ ဖြင့်အမှုဖွင့်တရားစွဲဆိုကာ မြိတ်အကျဥ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်း ကိုစိုးသက်ထွဋ် နှင့်နီးစပ်သူများထံမှ သိရသည်။

ယနေ့ စတင်ကြားနာစစ်ဆေးရာတွင် မြိတ်အကျဥ်းထောင်တွင်းတရားရုံး၌ စတင်ကြားနာစစ်ဆေးခြင်းဖြစ်၍ မည်သည့်အချက်များနှင့်မည်သို့ကြားနာမှုများရှိခဲ့သည်တို့အား သိရှိရခြင်းမရှိကြောင်း နီးစပ်သူများထံမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here