ထိုင်း(တောင်ပိုင်း) သချမ်းခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းကာရေကြီး၍ မြန်မာနိုင်ငံသားတစ်ဦးရေထဲမျောပါသေဆုံး

0
133

ထိုင်း(တောင်ပိုင်း) သချမ်းခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းကာရေကြီး၍ မြန်မာနိုင်ငံသားတစ်ဦးရေထဲမျောပါသေဆုံး

ထိုင်း(တောင်ပိုင်း)ရှိ သချမ်းခရိုင်၊ချိုင်ယခရိုင်နှင့်ဝီပါဝါဒီခရိုင်တို့တွင် မေလပထမပတ်အတွင်း မိုး သည်းထန်စွာရွာသွန်း၍ ရေကြီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ရေကြီးနေချိန်အတွင်း သချမ်းခရိုင်၌ ဆိုင်ကယ်မောင်းနှင်လာသည့် မြန် မာနိုင်ငံသား ကိုစိုင်းချမ်း(၃၀)နှစ်ခန့်သည် ရေထဲမျောပါ၍ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေထဲမျောပါပျောက်ဆုံးသွားသည့် မြန် မာနိုင်ငံသား ကိုစိုင်းချမ်း၏ရုပ်အလောင်းအား သချမ်းခရိုင်တာဝန်ရှိသူများမှ မေ ၇ ရက်တွင်ပြန် လည်တွေ့ရှိခဲ့သည်။

“ရေကြီးနေတဲ့အချိန် ဆိုင်ကယ်မောင်းလာရင်းရေထဲမျောသွားတာလို့တော့သိထားတယ် အခုရုပ်အလောင်းကိုပြန်တွေ့ပြီဆိုတော့ သင်္ဂြိုလ်ဖို့ကိစ္စတွေလုပ်ရမယ် နောက်ပြီး မတော်တဆဖြစ်တဲ့အတွက် သူ့မိသားစုရသင့်ရထိုက်တဲ့အကျိုးခံစားခွင့်ရဖို့ကူညီပေးသွားမှာပါ”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်းတောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ အရှိန်ကြောင့်လေပြင်းတိုက်ခတ်မှုနှင့်မိုးသည်း ထန်စွာရွာသွန်းမှုများဖြစ်ပေါ်လျက်ရှိပြီး ဝီပါဝါဒီခရိုင်တွင် ရေကြီးနစ်မြုတ်မှုများပိုမိုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရေကြီးနစ်မြုတ်မှုများဖြစ်ပေါ်ခဲ့သည့် သချမ်းခရိုင်၊ချိုင်ယခရိုင်နှင့်ဝီပါဝါဒီခရိုင်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် တာဝန် ရှိသူများနှင့်လူမှုကူညီရေးအဖွဲ့အစည်းများမှ အ ပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here