ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်တွင် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များဖြင့် ပြောင်းလဲကပ်လှူမှုပြီးစီး

0
311

ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်တွင် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များဖြင့် ပြောင်းလဲကပ်လှူမှုပြီးစီး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းကပ်လှူမှုနှင့်ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်မှုများပြီးစီးခဲ့ကြောင်း သိရသည်။

လုံးတော်ပြည့်မျက်ပါး ရွှေသင်္ကန်းကပ်လှူပူဇော်မှုအား လေးနှစ်တစ်ကြိမ်ကပ်လှူကာ ယခုနှစ်တွင် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကပ်လှူခဲ့ခြင်းဖြစ်ကာ ကြာမှောက်ကြာလန်၌ ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ပြောင်းလဲကပ်လှူခဲ့သည်။

ထို့အတူ စေတီတော်အပေါ်ပိုင်း ငှက်ပျောဖူးပေါ် တွင် ၉ လက်မပတ်လည် ရွှေစင်တစ်ကျပ်သား ရွှေပြား ၄၃၉ ချပ် အပြည့်ကပ်လှူထားကာ ဖောင်းရစ်တော်တွင် ၉ လက်မ ပတ်လည် ရွှေစင် ၁ ကျပ်သား ရွှေပြား ၃၁၆ ချပ်ကပ်လှူပူဇော်ထားပြီး ကြာမှောက်ကြာလန်တွင် ရွှေစင်ရွှေသားရွှေကြာသင်္ကန်းတော်များအား ယခုနှစ်မှ စတင်ကပ်လှူခြင်းဖြစ်သည်။

ထို့အတူ ဆက်လက်ကပ်လှူရန်လိုအပ်နေသည့် စေတီတော်ကြီး၏ ကြာမှောက်ကြာလန်အပိုင်းအချို့အား အလှူခံရရှိမှုပေါ်မူတည်၍ ဆက်လက် ကပ်လှူသွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here