CB ဘဏ်မှ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုရှိဘဏ်ခွဲအားလုံး၌ တိုကင်ယူရန်မလိုဘဲ ငွေထုတ်ယူနိုင်ပြီဖြစ်ဟု အသိပေး

0
336

CB ဘဏ်မှ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုရှိဘဏ်ခွဲအားလုံး၌ တိုကင်ယူရန်မလိုဘဲ ငွေထုတ်ယူနိုင်ပြီဖြစ်ဟု အသိပေး

CB ဘဏ်မှ ကြိုတင်တိုကင်ယူရန်မလိုဘဲငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများအား အပတ်စဥ်တိုးချဲ့လျက်ရှိသည်။

ထိုသို့ တိုးချဲ့လျက်ရှိရာ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခု၌ Individual Old Account များမှငွေသားများအား ကြိုတင်တိုကင်ယူရန်မလိုဘဲ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရ ခိုင်ပြည်နယ်၊မွန်ပြည်နယ်၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်တနင်္သာရီတိုင်းတို့ရှိ ဘဏ်ခွဲအားလုံး၌ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း CB ဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။

“အရင်ကဆိုရင် တိုကင်ယူရတာကကိုယ့်အလှည့်ရောက်ဖို့ကိုစောင့်နေရသေးတယ် အခုတိုကင်ယူစရာမလိုတော့ဘဲ ဘဏ်မှာခနစောင့်ပြီးတာနဲ့ထုတ်လို့ရပြီဆိုတော့ အဆင်ပြေသွားတာပေါ့ ငွေ သားကတော့ဘယ်လောက်ထုတ်ခွင့်ပြုမလဲမသိသေးဘူး”ဟု တနင်္သာရီတိုင်းမှလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အလားတူ ရန်ကုန်မြို့ရှိ တိုက်ကြီး၊ကော့မှူး၊ကွမ်းခြံကုန်း၊တွံတေး၊မှော်ဘီ၊လှည်းကူး၊ကျောက်တန်းနှင့်ခရမ်းဘဏ်ခွဲများတွင်လည်း ကြိုတင်တိုကင်ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းမှ ဘဏ်ခွဲ ၂ ခု၊ရှမ်းပြည်နယ်မှ ဘဏ်ခွဲ ၆ ခု၊မန္တလေးတိုင်းမှ ဘဏ်ခွဲ ၅ ခုတို့တွင်လည်း ကြိုတင်တိုကင်ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here