မြန်မာ့စိတ်ရင်းပရဟိတမှအခြေခံလူတန်းစားတွေအတွက်ရည်ရွယ်ပြီးပရဟိတထမင်းဆိုင်ဖွင့်လှစ်

0
136

မြန်မာ့စိတ်ရင်းပရဟိတမှအခြေခံလူတန်းစားတွေအတွက်ရည်ရွယ်ပြီးပရဟိတထမင်းဆိုင်ဖွင့်လှစ်

မြန်မာ့စိတ်ရင်း ပရဟိတမှ အခြေခံလူတန်းစားတွေစားသောက်ရေးအတွက်အဆင်ပြေစေရန်ရည်ရွယ်ချက်ဖြင့် ပရဟိတ ထမင်းဆိုင်ကို လာမယ် မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာတောင်ဒဂုံ ၅၆ ရပ်ကွက်ပုဂံ လမ်းမကြီးပေါ် ဝနဝါသီဘုန်းကြီးကျောင်းရှေ့ မှာ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာစိတ်ရင်းပရဟိတမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမိုးမာန်က” ပရဟိတ ထမင်းဆိုင် ဖွင့်​ြဖစ်တာက ချို့တဲ့သူတွေအတွက် စားဖို့တဖက်တလမ်းကဖြေရှင်းပေးတဲ့အနေနဲ့ ဖွင့်ဖြစ်တာပါ စျေးနှုန်းအနေနဲ့သက်မှတ်ထားတာမရှိပဲ ထမင်းကြိုက်သလောက်စားပြီးမှ အဆင်ပြေသလိုလေးပဲပေးလို့ရတယ် ဟင်းကသတ်သတ်လွတ်ဟင်း ၁၀ မျိုးစီစဥ်ပေးထားမယ် ကြိုက်တဲ့ဟင်း ၃မျိုးယူစားလို့ရတယ် အရည်သောက်ဟင်းလည်းစီစဥ်ပေးထားတယ်။ ပုံမှန်ဖွင့်ချိန်က ၁၀ နာရီစဖွင့် ကုန်တဲ့အချိန်ရပ်မယ် စီးပွားရေးလိုလည်းမဟုတ်ဘူး ။ ပထမဦးဆုံးစဖွင့်တဲ့ရက်မှာအနိမ့်ဆုံးအနေနဲ့ ဆန်၁၀ ပြည်ချက်ဖြစ်မယ် ” လို့ပြောပါတယ် ။

မြန်မာ့စိတ်ရင်း ပရဟိတအနေနဲ့ ကိုဗစ်ကာလမှာ အောက်ဆီဂျင်လိုအပ်တဲ့သူတွေအတွက်ကူညီလှူဒါန်းမှုတွေပြုလုပ်ပေးခဲ့လိုအခုနောက်ပိုင်းမှာလည်း အခြေခံလူတန်းစားတွေအဆင်ပြေစေဖို့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပရဟိတ ဆေးခန်းအပြင် ပရဟိတထမင်းဆိုင်ပါဖွင့်လှစ်ထားကြောင်းသိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here