မြန်မာ MoU အလုပ်သမားများအားကြိုရန် ဘန်ကောက်မြို့မှ အဝေးပြေးခရီးသည်တင်ကားများ မဲဆောက်မြို့သို့ ရောက်ရှိနေ

0
145

မြန်မာ MoU အလုပ်သမားများအားကြိုရန် ဘန် ကောက်မြို့မှ အဝေးပြေးခရီးသည်တင်ကားများ မဲဆောက်မြို့သို့ ရောက်ရှိနေ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်သွားရောက်မည့် မြန်မာ MoU အလုပ်သမားများအားကြိုရန် ဘန် ကောက်မြို့မှ အဝေးပြေးခရီးသည်တင်ကား ၁၀ စီးခန့် ရောက်ရှိနေကြောင်း သိရသည်။

မဲဆောက်မြို့ရှိ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အနီး၌ မေ ၉ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ MoU လုပ်သားများအားကြိုဆိုခေါ်ဆောင် သွားရမည့်ရက်အား သေချာစွာသိရှိရခြင်းမရှိသေးသော်လည်း ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်မြန်မာနိုင်ငံမှတာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက တံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မဲဆောက်မြို့၌ တွေ့ဆုံဆွေးပြီးနောက် ကြိုဆိုခေါ်ဆောင်သွားရမည့်ရက်အား သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝေးပြေးခရီးသည်တင်ကားများအား ထိုင်းနိုင်ငံ၏လုပ်ငန်းတစ်ဦးမှ ဌားရမ်း၍ မြန်မာ MoU လုပ်သားများအားကြိုဆိုခေါ်ဆောင်လာရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာအလုပ်သမားတွေဘယ်နေ့ဝင်လာမလဲဆိုတာတော့မသိဘူးပြောတယ် နှစ်နိုင်ငံတာဝန်ရှိသူတွေကတော့ တံတားပြန်ဖွင့်ဖို့နဲ့ MoU လုပ်သားတွေစေလွှတ်ဖို့ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်”ဟုမြဝတီမြို့ခံတစ်ဦးဖြစ်သည့် ကိုဝေကပြောသည်။

Photo -Ko Wai


LEAVE A REPLY

Please enter your comment!
Please enter your name here