မရမ်းကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းနေချိန် သီလရှင်ဆရာလေးတစ်ပါး လဲကျသေဆုံးမှုဖြစ်

0
138

မရမ်းကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းနေချိန် သီလရှင်ဆရာလေးတစ်ပါး လဲကျသေဆုံးမှုဖြစ်

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာအေးဘုရားလမ်းမှတ်တိုင်အနီးတွင် မေ ၉ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခွဲခန့်က မိုး သည်းထန်စွာရွာသွန်းနေချိန်၌ သီလရှင်ဆရာ လေးတစ်ပါးလဲကျသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

အဆိုပါ သီလရှင်ဆရာလေးသည် အသက်(၁၇) နှစ်အရွယ်ခန့်ရှိကာ လဲကျနေကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွား ရောက်ပြုလုပ်ခဲ့ကြသည်။

“မိုးကတအားသည်းနေတဲ့အချိန် ဆရာလေးတစ် ပါးလဲနေတယ်ဆိုတာသတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့တယ် သတင်းပေးတဲ့လူက ဆရာလေးတစ်ပါးဓာတ်လိုက်ပြီးလဲနေတယ်လို့သတင်းပေးတယ်”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

သီလရှင်ဆရာလေးလဲကျရာသို့ သွားရောက်ကူ ညီခဲ့သော်လည်း ရောက်ရှိချိန်တွင် သီလရှင်ဆရာ လေးမှာသေဆုံးလျက်ရှိသည်ကိုတွေ့ရှိခဲ့ရပြီး သေဆုံးရသည့်အကြောင်းရင်းအား သိရှိရခြင်းမရှိကြောင်း သိရသည်။

“ဆရာလေးလဲကျနေတဲ့နေရာမှာ ကားတစ်စီးကပျက်နေတာရယ် မိုးကလည်းအရမ်းသည်းနေတာရယ်ကြောင့် ဖြစ်ဖြစ်ခြင်းမှာမတွေ့ကျတာဖြစ်မယ် တွေ့တဲ့အချိန်ကလည်း နာရီဝက်လောက်နောက်ကြနေပြီ အချိန်မီအသက်မကယ်လိုက်နိုင်ဘူး”ဟုမြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအသင်း၏တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် သေဆုံးသွားခဲ့သည့် သီလရှင်ဆရာ လေး၏ရုပ်အလောင်းအား ရန်ကုန်လူမှုကူညီရေးအသင်းမှ နာရေးကားဖြင့် မြောက်ဥက္ကလာပမြို့ နယ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here