ကျောက်တော်တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့်ပြည်သူ၁၀၀၀ကျော်အတွက် တစ်ပါတ်စာစားနပ်ရိက္ခာများထောက်ပံ့

0
162

ကျောက်တော်တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့်ပြည်သူ၁၀၀၀ကျော်အတွက် တစ်ပါတ်စာစားနပ်ရိက္ခာများထောက်ပံ့

မီးကြွင်းမီးကျန်ကြောင့်ယနေ့ မေလ (၉)ရက်နေ့ မနက်ပိုင်းမှာ ကျောက်တော်မဟာမုနိ တိုက်ပွဲရှောင်စခန်း မီးလောင်မှုဖြစ်ခဲ့တာမှာ ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း (၁၂ ×၁၂ ×၁၅)ပေ စုစုပေါင်းယာယီနေအိမ် (၂၆၂)လုံး မီးလောင်ခဲ့တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် လူပေါင်း (၁၀၇၃)ဦး မီးဘေးသင့်ခဲ့ပြီး နီးရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ခေတ္တနေရာချထားတယ်လို့သိရအါတယ်။

မီးလောင်မှုဖြစ်ခဲ့ပေမယ့် လူ ၊တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ မီးပေါ့ဆခဲ့သူကို ရာဇသတ်ကြီးပုဒ်မ (၂၈၅)နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရက မီးဘေးသင့်ပြည်သူများအတွက် လူတစ်ဥဦးစီကို ဆန် ဆီ ဆား ငပိများ တစ်ပါတ်စာ ယနေ့ထောက်ပံ့ပေးနေပြီး ဘေးစီမံဌာနကလည်း အိမ်ထောင်စု တစ်စုချင်းအလိုက် ပစ္စည်း (၁၃)မျိုးပါ Family Kit (၂၆၂) ပုံးနဲ့ တာပေါ်လင် (၆×၁၈)ပေ အစပေါင်း (၂၆၂)စ လတ်တလော ထောက်ပံ့ထားတယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here