ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်ကိစ္စနှင့်ပတ်သက်သည့် အဂတိအမှု ယနေ့ ကြားနာစစ်ဆေး

0
180

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်ကိစ္စနှင့်ပတ်သက်သည့် အဂတိအမှု ယနေ့ ကြားနာစစ်ဆေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်ဝယ်ယူအသုံးပြုခြင်းနှင့်ပတ်သက်သည့် အဂတိအမှု တစ်ခုကိုယနေ့ တွင် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့် တရားရုံးတွင် စစ်ဆေးကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယနေ့ ကြားနာစစ်ဆေးသည့် အမှုမှာ ရဟတ်ယာဉ်ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုထားသော ရာကြီးမှုအမှတ် (၄၆ ) အမှု ကို ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှု တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှအရာရှိ ဦးအောင်ခန့် အား စွပ်စွဲခံရသူရှေ့နေများဘက်က ပြန်လှန်မေးခွန်းများ မေးမြန်းကာ စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး၊ အမှုအား မွန်းလွဲ သုံးနာရီအထိစစ်ဆေးကြားနာခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရုံးချိန်းကို မေလ ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး၊ အဆိုပါ ရုံးချိန်းနေ့တွင် ရဟတ်ယာဉ်နှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှု အမှတ်(၄၇)၊ (၄၈)၊ နှင့် (၄၉ )အမှု များကိုလည်း ဆက်လက်စစ်ဆေးသွာမည်ဖြစ်ကြောင်း သိရသည်။

“ လာမယ့် ရုံးချိန်မှာ တရားလိုဦးအောင်ခန့်ကို ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းတွေ မေးမြန်း စစ်ဆေးသွားမှာပါ” ဟု ဆိုသည်။
ယနေ့တွင် ရုံးထုတ်ရောက်လာခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရသည်ဟုဆိုသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here