မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)နှင့် အရေးယူ

0
346

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)နှင့် အရေးယူ

ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးမခံသည့်အတွက်ကြောင့်ဆိုပြီး ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင်က မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို (၁)နှစ် ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးခံနိုင်ရေး လာရောက်ရန် ပထမအကြိမ် အကြောင်းကြားခဲ့ခြင်း၊ ယင်းသို့ အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ရက်အတွင်း လာရောက်စစ်ဆေးခံရန် ပျက်ကွက်ခဲ့ပါသဖြင့် (၂၅-၄-၂၀၂) ရက်နေ့ မတိုင်မီ ဖိတ်ကြားစာပါ နေရာသို့ လာရောက် စစ်ဆေးခံ နိုင်ရေး ဆောင်ရွက်သွားရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(က)နှင့်အညီ ရည်ညွှန်း (၂)ပါစာဖြင့် ဒုတိယအကြိမ် အကြောင်းကြားခဲ့ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အစစ်ဆေးမခံခဲ့ဟု ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင်၏ ထုတ်ပြန်စာအရသိရသည်။

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို (၁)နှစ် ယာယီရပ်ဆိုင်းလိုက်မှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂-၅-၂၀၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို မေလ ၃ရက်နေ့မှ စပြီး (၁)နှစ် ယာယီရပ်ဆိုင်းလိုက်ခြင်းတွင် ယာယီရပ်ဆိုင်းထားသော ကာလအတွင်း ကော်မရှင်က ညွှန်ကြား ထားသော ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည်ဟုသိရသည်။

ယင်းအပြင် ထိုယာယီရပ်ဆိုင်းထားသည့် ကာလကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(င)အရ မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ထားသည်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here