ဗဟိုဘဏ်က ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခုအားအရေးယူပြီး ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်း ကြေညာ

0
274

ဗဟိုဘဏ်က ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခုအားအရေးယူပြီး ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်း ကြေညာ


၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ခြောက်လအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းရန် ဆက်တိုက်ညွှန်ကြားထားခဲ့ရာ မလိုက်နာခဲ့သည့် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီ(၁၅၈)ခုအားအရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၉ ရက်တွင် ကြေညာသည်။

အရေးယူမှုတွင် အဆိုပါ ကုမ္ပဏီ(၁၅၈)ခုမှ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းပါ ထည့်သွင်း ကြေညာထားမှုလည်းပါဝင်သည်ဟု ကြေညာချက်အရသိရသည်။

အရေးယူခံလိုက်ရသာ့် ကုမ္ပဏီများမှာ ၂၀၁၆ခုနှစ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ၁၁၊၂၀၁၇ခုနှစ်စ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ၆၉ ခု၊၂၀၁၈ခုနှစ်စ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ၇၈ခုတို့ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များနှင့် ပူးပေါင်း၍ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ((၁၀-၁၁-၂၀၂၁) ရက်နေ့မှစ၍ သုံးလအတွင်း) ယင်း၏ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်ဟုသိရသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ ဖြစ်သော “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ”ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက အဆိုပါဥပဒေပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းချက်များကိုလိုက်နာရမည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ဖြင့် ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here