မန္တလေးမြို့မှ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမတ်လောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
249

မန္တလေးမြို့မှ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမတ်လောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အကွက်အမှတ်-ဇဇ-၃၅/၁၉၅၊ ၁၀၈ လမ်း၊ ၄၄လမ်းနှင့်၄၅လမ်းကြားရှိ နေအိမ်တစ်အိမ်ရှေ့တွင် မေလ၉ရက်ညနေ ၄နာရီ၁၅မိနစ်က ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမတ်လောင်းတစ်ဦးအား အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“သေနတ်နဲ့ပစ်ခံရတဲ့သူက အရင်ကကြံခိုင်ရေးပါတီက နောက်ကျတော့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြောင်းသွားတာ။သူက ချမ်းမြသီတာလူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌလည်း လုပ်နေတာ။သူ့ကို သူ့အိမ်ရှေ့မှာတင် လာပြီး လုပ်ကြံခံခဲ့ရတာ။သေတော့ မသေဘူးလို့ သိရတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၉ရက် မွန်းလွဲ ၄နာရီ၁၅မိနစ်အချိန်က ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမတ်လောင်းတစ်ဦးဖြစ်သည့် ဦးမြင့်ဦးသည် သားဖြစ်သူ နှင့်အတူ အသင်းရုံးမှ ချမ်းမြသီတာလူမှုကူညီရေးအသင်းယာဉ်ဖြင့်ပြန်လာခဲ့ရာချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အကွက်အမှတ်-ဇဇ-၃၅/၁၉၅၊ ၁၀၈ လမ်း၊၄၄လမ်း နှင့်၄၅လမ်းကြားရှိ ၎င်းနေအိမ်ရှေ့အရောက်တွင် ၁၀၈ လမ်းအတိုင်း အနောက်မှမောင်းနှင်လာသူ ဆိုင်ကယ်(စိစစ်ဆဲ)ဖြင့် အမည်မသိအမျိုးသား(၂)ဦးမှ သေနတ်အတိုဖြင့် (၄)ချက်ပစ်ခတ်
ပြီး၁၀၈လမ်းအတိုင်း အရှေ့သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်ဦးသည် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ချမ်းမြသီတာလူမှုကူညီရေးယာဉ်ဖြင့် ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရကြောင်းနှင့်အခင်းဖြစ်ပွားရာနေရာအနီးတွင် A USA AUTO 380 ကျည်ခွံ(၂)ခုအားရှာဖွေတွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here