တရုတ်ပြည်မှာ ဆံပင်ညှပ်အလုပ်လုပ်ရမည်ဆိုပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ ၂ဦးကို ထောင်၁၀နှစ်စီချမှတ်

0
181

တရုတ်ပြည်မှာ ဆံပင်ညှပ်အလုပ်လုပ်ရမည်ဆိုပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ ၂ဦးကို ထောင်၁၀နှစ်စီချမှတ်

တရုတ်နိုင်ငံတွင် ဆံပင်ညှပ်သည့် အလုပ်လုပ် ကိုင်ပါက တစ်လ ငွေကျပ် ၁၅ သိန်း ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသား ကျိန်ယိဆိုသူထံ ပို့ဆောင်၍ ငွေကျပ်သိန်း ၆၀ ဖြင့် ရောင်းစားခဲ့သူတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကအလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ မေလ ၆ရက်နေ့က အဆိုပါ အမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ကျူးလွန်သူများမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၁၂)ရပ်ကွက်နေ မပိုင်ပိုင်စိုး (ခ) မစိုးစိုးနှင့် တောသားကြီး(ခ) တင်ကိုဦးတို့ဖြစ်ပြီး ၎င်းတို့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မ –၊ (၁၈ နှစ်)ကို တရုတ်နိုင်ငံတွင် ဆံပင်ညှပ်သည့် အလုပ်လုပ် ကိုင်ပါက တစ်လ ငွေကျပ် ၁၅ သိန်း ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြခြင်းဖြစ်သည်။ယင်းနောက် တရုတ်အမျိုးသား ကျိန်ယိဆိုသူထံ ပို့ဆောင်၍ ငွေကျပ်သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။အမှုကို ရွှေပြည်သာမြို့မရဲစခန်း (ပ) ၉၃၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here