ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်

0
159

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် မေ ၁၀ ရက်(ယနေ့)နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်-၃၃၄/၂ နှင့် ၃၃၄/၃ ကြားတွင် ကုန်များတင်ဆောင်မောင်းနှင်လာသည့်ကုန်တင်ကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်နေရာအား ပြင်စည်အမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ကုန်တင်ကားမောင်းသူအား အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here