တံတားဦးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
202

တံတားဦးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊စော်ရဲကျေးရွာနှင့်သားများဘကျေးရွာချင်းဆက်မြေသား လမ်းတွင် မေလ၁၀ရက်နေ့နံနက်၆နာရီ၃၀မိနစ်က အမည်မသိအမျိုးသားနှစ်ဦးသည် သေနတ်ဖြစ်သတ်ခံခဲ့ရပြီး ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်ပစ်ခံရလို့ သေတာ ဘယ်သူတွေလဲတော့ မသိဘူး။ သေတဲ့သူတွေမှာ သွေးသောက်အဖွဲ့ဆိုတဲ့တံဆိပ်တွေကပ်ထားတာတွေ့ရတယ်´´ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၁၀ရက်နေ့နံနက်၆နာရီ၃၀မိနစ်က တံတားဦးလေဆိပ် စခန်းအနောက် တောင် (၅)မိုင်ခန့်အကွာ သားများဘကျေးရွာ အနောက်ဘက်(၂)မိုင်ခန့်အကွာ စော်ရဲကျေးရွာနှင့်သားများဘကျေးရွာချင်းဆက်မြေသားလမ်းတွင် အမည်မသိလူ (၂)ဦး သေနတ်ပစ်ခံရ၍သေဆုံးနေကြောင်း သားများဘကျေးရွာအုပ်ချုပ်ရေးမှူးမှ သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ အမည်မသိအမျိုးသားအသက် (၄၀)နှစ်ခန့်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် အမည်မသိအမျိုးသား အသက် (၃၀)နှစ်ခန့်တွင် မေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးနေပြီး ၎င်းတို့အားလက်ပြန်ကြိုးများတုပ်ထားကာ သွေးသောက်အဖွဲ့အနီရောင်စစ်ဆင်ရေးတံဆိပ် (၂)ခုနှင့်ကျည်ခွံ (၁)ခုတွေ့ရှိခဲ့ရကြောင်း စုံစမ်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here