ပင်းတယမြို့နယ်တွင် USDP ပါတီဝင်ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
183

ပင်းတယမြို့နယ်တွင် USDP ပါတီဝင်ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

 

ရှမ်းပြည်(တောင်ပိုင်း)၊ပင်းတယမြို့နယ်၊ပန်းစစ်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်ကာ USDP ပါတီဝင်တစ်ဦးဖြစ်သည့် ဦးရွှေဖီ(၅၅)နှစ်ခန့် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဦးရွှေဖီအား အမည်မသိအမျိုးသားများက မေ ၁၀ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်၌ ကျေးရွာအတွင်းရှိ လမ်းပေါ်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်က ရွာမှာမင်္ဂလာဆောင်ရှိတော့ အဲဒီကိုသွားတဲ့အချိန်မှာပစ်ခံရတာပါ သေနတ်သံကြားလိုက်တာကြောင့် ထွက်ကြည့်တဲ့အချိန် အုပ်ချုပ်ရေးမှူးကလဲကျနေပြီ ပစ်သွားတဲ့လူတွေကိုတော့မတွေ့ဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးရွှေဖီသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here