အကယ်ဒမီမီးလင်းရွှေစျေး ဆယ့်ကိုးသိန်းကျော်အထိ ကျဆင်း

0
204

အကယ်ဒမီမီးလင်းရွှေစျေး ဆယ့်ကိုးသိန်းကျော်အထိ ကျဆင်း

မေ(၁၀)ရက် YGEA ၏ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ဆယ့်ကိုးသိန်း ရှစ်သောင်းသုံးထောင်ထိ ကျဆင်းသွားပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စဟာ အမေရိကန်ဒေါ်လာ ၁၈၆၀ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငွေကြေးစောင့်ကြည့်ရေးကော်မတီမှချမှတ်ထားသည့် ရွှေစျေးနှုန်းများ၊ ကမ္ဘာ့ရွှေစျေးကွက်မှနှုန်းထားများနှင့် တွက်ချက်ပြီး စျေးကွက်၌ ပုံမှန်ရောင်းချပေးနေလျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဈေးကွက်ထဲ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေရန် ရွှေကုန်သည်ကြီးတွေနဲ့ YGEAတို့ မေ(၄)ရက်က ဆွေနွေးခဲ့ကြပြီး ရွှေကုန်ကြမ်းကို နိုင်ငံခြားက တင်သွင်းဖို့အပါအဝင် ဆုံးဖြတ်ချက်(၅)ရပ် ချမှတ်နိုင်ခဲ့သည်ဟု ယင်းလုပ်ငန်း၏ တာဝန်ရှိသူထံမှ သိရသည်။

ဒါ့အပြင် ရွှေတွင်းလိုင်စင်ရှိတဲ့သူများနှင့် ဆက်သွယ်ကာ ရွှေဝယ်ယူမှုအား ဆောင်ရွက်ဖို့အပြင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများဆက်သွယ်ပြီး တားဆီးဆောင်ရွက်ဖို့လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here