ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၌ တရားမဝင်မြန်မာ အလုပ်သမားများလိုက်ပါလာသည့်ကား ချောက်ထဲပြုတ်ကျတိမ်းမှောက် ၁ ဦးသေဆုံး

0
200

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၌ တရားမဝင်မြန်မာ အလုပ်သမားများလိုက်ပါလာသည့်ကား ချောက်ထဲပြုတ်ကျတိမ်းမှောက် ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ချင်းမိုင်ခရိုင်၊မဲရမတ်မြို့နယ်၊အုပ်စု ၁၁ ၊ဘန့်ထီနာမူကျေးရွာရှိ တောင်ပေါ်၌ မေ ၉ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့်ကားသည် ဘန့်ထီနာမူကျေးရွာရှိ တောင်ပေါ်ကားလမ်း၌ မောင်းနှင်လာစဥ် ချောက်အတွင်းသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကာ ဖြစ်စဥ်အား ချင်းမိုင်ခရိုင်ရှိ အမှတ်(၃၅)ခြေမြန် တပ်ရင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ သွားရောက်ကူညီခဲ့ကြသည်။

ထိုသို့ ကူညီရန်သွားရောက်ရာ အခင်းဖြစ်နေရာအရောက် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့်ကားမှာတိမ်းမှောက်နေပြီး ကားပေါ်၌လိုက် ပါလာသူများအနက် မြန်မာနိုင်ငံသား ၁ ဦးမှာသေ ဆုံးလျက်ရှိပြီး ၈ ဦးမှာထိခိုက်ဒဏ်ရာများရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးနှင့်သေဆုံးသူအား ချင်းမိုင်ခရိုင်မှတာဝန်ရှိသူများက မဲရမတ်မြို့နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူ ၈ ယောက်ကပြင်းထန်ဒဏ်ရာရသွားကြတာ သေသွားတဲ့လူကိုတော့ ရင်ခွဲရုံပို့ထားတယ် ကျွန်တော်တို့က သူ့ရဲ့မိသားစုဝင်တွေနဲ့အ ဆက်အသွယ်ရဖို့ကြိုးစားနေပါတယ် လက်ရှိအ ချိန်အထိကတော့ဘယ်မှာနေလဲ နာမည်ဘယ်သူလဲဆိုတာပါမသိရသေးပါဘူး”ဟုထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့်ကားပေါ်တွင်လိုက်ပါလာသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထိခိုက်မှုမရှိသူများအား မဲရမတ်မြို့ရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here