ဘားအံမြို့နယ် အိန္ဒုစံပြကျေးရွာတွင် လူဦးရေ ၃၀ ကျော်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့

0
62

ဘားအံမြို့နယ် အိန္ဒုစံပြကျေးရွာတွင် လူဦးရေ ၃၀ ကျော်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊အိန္ဒုစံပြကျေးရွာတွင် မေ ၉ ရက်နေ့လည်ပိုင်းက လူဦးရေ ၃၀ ကျော်ခန့်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အစာအဆိပ်သင့်သူ ၃၀ ကျော်သည် ခေါင်းမူးခြင်း၊အော့အန်ခြင်း၊ဝမ်းသွားခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အစာအဆိပ်သင့်မှုဖြစ်ပေါ်ရခြင်းမှာ အိန္ဒုစံပြကျေးရွာ၌ပြုလုပ်သည့် မင်္ဂလာဆောင်တစ်ခုတွင် ကျွေးမွေးသည့် အစားအသောက်များအား စားသောက်ပြီးနောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိဆေးရုံက လူနာစောင့်တစ်ယောက်နဲ့အ ဆက်အသွယ်ရထားတယ် တစ်ချို့လူတွေကပြန်ကောင်းလာကြပြီ တစ်ချို့လူတွေကိုတော့ ဆက်ပြီးစောင့်ကြည့်နေတာတွေရှိတယ်လို့ပြောတယ် အကုန်လုံးအခြေအနေကောင်းကြပါတယ်လို့ပြောတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အစာအဆိပ်သင့်မှုဖြစ်စဥ်တွင် ကလေးငယ်အချို့လည်းပါဝင်သဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံမှ ဂ ရုတစိုက်ဖြင့်ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

“အစားစုံသွားတာရယ် ရာသီဥတုအရမ်းပူတာရယ်ကြောင့် အခန့်မသင့်တဲ့အချိန်မှာ အခုလိုအစာအဆိပ်သင့်သွားကြတာဖြစ်မယ် ဖြစ်ရတဲ့အ ကြောင်းရင်းအတိအကျကိုတော့မသိဘူး”ဟုဒေ သခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here