သပိတ်ကျင်းမြို့ရှိ စုပေါင်းရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
323

သပိတ်ကျင်းမြို့ရှိ စုပေါင်းရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့ရှိ စုပေါင်းရုံး၌ မေ ၁၀ ရက်(ယနေ့)နံနက် ၈ နာရီခန့်က ဒရုန်းဖြင့်ဗုံးပစ်ချခံရမှုကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

သပိတ်ကျင်းမြို့၊ကွက်သစ်ရပ်ကွက်ရှိ စုပေါင်းရုံးအား ဒရုန်းဖြင့်ဗုံးပစ်ချခံရသဖြင့် မြို့တော်ခန်းမနှင့်စည်ပင်ရုံးကြား၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် သပိတ်ကျင်းမြို့မရဲစခန်းမှာ ဒရုန်းဖြင့်ဗုံး ၂ လုံးပစ်ချခံခဲ့ရသော်လည်း ပေါက်ကွဲမှုမရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“စုပေါင်းရုံးမှာဗုံးပေါက်ပြီး မြို့တော်ခန်းမအ ဆောက်အဦးနဲ့စည်ပင်ရုံးအဆောက်အဦးက အမိုးနဲ့အုတ်နံရံတွေတော့ အနည်းအကျဥ်းပျက်စီးသွားတယ် လူထိခိုက်တာတော့မရှိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဒရုန်းဖြင့်ဗုံးဖောက်ခွဲမှုအား TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here