ဓာတ်အားထုတ်လုပ်မှု 290 MW ခန့်လျော့နည်းကျဆင်းနေ၍ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးယာယီပြတ်တောက်မှုများရှိမည်ဟု YESC အသိပေး

0
235

ဓာတ်အားထုတ်လုပ်မှု 290 MW ခန့်လျော့နည်းကျဆင်းနေ၍ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးယာယီပြတ်တောက်မှုများရှိမည်ဟု YESC အသိပေး

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသည့် 230kV သပြေဝ-မြင်းခြံ ဓာတ်အားလိုင်းသည် မေ ၁၀ ရက်ည ၆ နာရီ ၁၃ မိနစ်ခန့်၌ ဓာတ်အားလိုင်းယာယီအပြစ်ဖြစ်ခဲ့သည်ဟု YESC မှအသိပေးခဲ့သည်။

ယင်း ဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်ပေးထားသည့် SUNCO နှင့် V Power ဓာတ်အားပေးစက်များမှ ဓာတ်အားထုတ်လုပ်မှု 290 MW ခန့် လျှော့နည်းကျဆင်းသွားခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးနိုင်မှုလျှော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် ရန်ကုန်တိုင်းအတွင်း အရေးပေါ်ဝန်အားလျှော့ခြင်းနှင့်အုပ်စုအလိုက် ဝန်အားလျှော့ထိန်းညှိခြင်းများအား ဆောင်ရွက်နေရသည်ဟု YESC မှအသိပေးခဲ့သည်။

ထိုသို့ ပြုလုပ်နေရသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနေမည်ဖြစ်ကာ ဓာတ်အားပေးစက်များ ပုံမှန်အတိုင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့်အချိန်တွင် ရန်ကုန်တိုင်းအတွင်းသို့ ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း YESC မှအသိပေးပန်ကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here