ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရ

0
157

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရ

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံ စမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီးနောက် မေ ၁၀ ရက်တွင် နေပြည်တော််၊ဥတ္တရသီရိမြို့ နယ်၊ဘုရားကုန်းမြို့မရဲစခန်းမှ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဦးဘိုဘိုငယ်သည် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ဘဏ်လုပ်ငန်းကြီး ကြပ်စစ်ဆေးရေးဌာနနှင့်စာရင်းဌာနတို့အား ကြီး ကြပ်ဆောင်ရွက်စဉ် ၂၀၁၈ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များမှ ဗဟိုဘဏ်သို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀၀၀၀ ကျော်လွှဲပြောင်းမှုတွင် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့်ငွေ ကြေးဆိုင်ရာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ သတင်း ပေးပို့မှု ၉ ကြိမ်သာရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ခွင့်ပြုချက်တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက် ၇ ခု(အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်းသန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)အားစစ်ဆေးရာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့်ကုမ္ပဏီများထံမှ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်းအတွက် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာခဲ့သည်ဟု သိရသည်။

အလားတူ ၂၀၁၈ ခုနှစ်အတွင်း SMED ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ရာတွင် ဗဟိုဘဏ်သို့ ERS စနစ်ဖြင့်သတင်းပို့ခဲ့ပြီး ဗဟိုဘဏ်မှ ကြီးကြပ်နိုင်ခြင်းမရှိဘဲ Open Society Myanmar-OSM ၏ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့သည်။

အဆိုပါ ငွေစာရင်းမှ မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အား OSM တာဝန်ရှိသူများထုတ်ယူခဲ့သဖြင့် ဝင်ငွေခွန်တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော်အားအခွန်ငွေမကောက်ခံနိုင်ခြင်း၊ဗဟိုဘဏ်တာဝန်ရှိသူများ ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာသန်း ၃၅၀ အားအတိုးနှုန်းပိုရသည့် ဘဏ်တွင်အပ်နှံရန် ဦးဘိုဘိုငယ်ထံ တင်ပြခဲ့ရာ၌ ၎င်း၏ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ခြင်းတို့ပြုလုပ်ခဲ့သည်။

ယင်းသို့ အပ်နှံစေသဖြင့် မြန်မာကျပ်ငွေ ၆၆၅ သန်းကျော်နစ်နာခဲ့၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဘိုဘိုငယ်အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here